Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 14 - Ibrahim
Translation by Alin U Yin — Permalink
Verse 37 — Surah Ibrahim 14:37
အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် ဧကန်ပင်၊ ကျွန်ုပ်သည် ကျွန်ုပ်၏သားသမီးအချို့ (တမန်တော်အစ္စမိုင်လ်နှင့်သူ့မျိုးဆက်) ကို အရှင်မြတ်၏အထွတ်မြတ်ဆုံး ဝတ်ကျောင်းတော်အပါးတွင် သီးနှံဖြစ်ထွန်းမည့်စိုက်ပျိုးရေးအတွက် အခြေအနေမရှိသော တောင်ကြားအရပ်၌ အခြေချနေထိုင်ရန် နေရာချထားခဲ့ပါ၏။ အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေ တော်မူသောအရှင်မြတ် (သူတို့အား ထိုသို့ နေရာချထားခဲ့ခြင်းမှာ) သူတို့သည် လူတို့၏နှလုံးသားများ၌ နား လည်သဘောပေါက်မှုဖြစ်စေလျှက် သူတို့ဘက်သို့ တိမ်းညွတ်စေပြီး ကုန် သွယ်ရေးအရ စားနပ်ရိက္ခာနှင့်သစ်သီးဝလံများ သူတို့ထံရောက်စေခြင်းဖြင့် သူတို့ကျေးဇူးသိတတ်ကြရန်အလို့ငှာ ဆွလာသ်ဝတ်ပြုမှုကို ယင်း၏စည်း မျဉ်းများနှင့်အညီ မြဲမြံစွာ ဆောက်တည်နိုင်ရန်အတွက်သာ ဖြစ်ပါ၏။