Back to Languages

Burmese - Chapter 14 - Ibrahim

Translation by Alin U Yin — Permalink

Verse 4 — Surah Ibrahim 14:4

အမှန်စင်စစ်၊ ငါအရှင်မြတ်သည် သူ့လူမျိုးတို့က ပြောဆိုသုံးစွဲသော ဘာသာစကားဖြင့် ကွက်ကွက်ကွင်းကွင်း ထင်ရှားမြင်သာအောင် ရှင်လင်းစေတော်မူခြင်းမှအပ မည်သည့်ရစူလ်တမန်တော်ကိုမျှ စေလွှတ် တော်မူခဲ့ခြင်း အလျှင်း မရှိပေ။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား လမ်းမှား၌ ရပ်တည်ခွင့် ပြုတော်မူပြီး အလိုရှိတော်မူသောသူကို တရားလမ်းမှန် ညွှန်ပြတော်မူ၏။ ထိုအရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ် လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ တရားစီရင်ရာတွင် အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။