Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 14 - Ibrahim
Translation by Alin U Yin — Permalink
Verse 44 — Surah Ibrahim 14:44
ထို့ကြောင့် အသင်သည် လူသားတို့အား သူတို့ထံ ပြစ်ဒဏ်ရောက်ရှိလာမည့်နေ့နှင့်စပ်လျဉ်း၍ သတိပေး နှိုးဆော်လော့။ သို့ဖြစ်ပေရာ အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့က “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်တို့အား အနည်းငယ်မျှသော အချိန်ကာလအထိ အရေးယူခြင်းကို နောက်ဆုတ်၍ ရွှေ့ဆိုင်းခွင့် ပေးသနားတော်မူပါ။ သိုမှသာ ကျွန်ုပ်တို့သည် အရှင်မြတ်၏ဖိတ်ခေါ်မှုအား သဘောတူလက်ခံ၍ တုံ့ပြန်ဖြေကြားနိုင်ပြီး ရစူလ်တမန်တော်များကိုလည်း နာခံလိုက်နာနိုင်ကြမည်” ဖြစ်၏။ သူတို့က အရေးယူမှုကို ဆိုင်းငံ့ခွင့်ပေးရန် အသနားခံခြင်းအတွက် အရှင်မြတ် ဖြေကြားတော်မူသည်မှာ ယခင်က သင်တို့သည် “ကျွန်ုပ်တို့အတွက် မည်သည့် အခါမျှ ယိုယွင်းပျက်စီးမှုနှင့်ကျဆုံးမှုရှိမည် မဟုတ်ကြောင်းကို ကျိန်ဆို၍ ပြောခဲ့ကြသည်” မဟုတ်လော။