Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 14 - Ibrahim
Translation by Alin U Yin — Permalink
Verse 45 — Surah Ibrahim 14:45
ထို့ပြင် သင်တို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မ ဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များအား စိတ်အလိုရမ္မက်အတွက် အသုံးချ၍ အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်လျှက် မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံကြ သူတို့က သူတို့၏နေထိုင်စရာများ၌ နေထိုင်လျှက်ရှိနေစဉ်ပင် ငါအရှင်မြတ်သည် သူတို့နှင့်ပတ်သက်၍ သင်တို့အား အမှန်တရားကို အမိအရ သိမြင်နိုင်ရန်နှင့်ပြုပြင်နိုင်ရန်အတွက် ဥပမာများဖြင့် ရုပ်လုံးဖော်အောင် မည်သို့ မြင်သာထင်ရှားစွာ ရှင်းလင်းတင်ပြတော်သည်ကို မျက်ဝါးထင်ထင်တွေ့ခဲ့ပြီ မဟုတ်လော။