Back to Languages

Burmese - Chapter 14 - Ibrahim

Translation by Alin U Yin — Permalink

Verse 47 — Surah Ibrahim 14:47

သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် အရှင့်ရစူလ်တမန်တော်များအား “ဖြစ်စေတော်မူမည်” ဟု ကတိပေးမိန့်တော်မူသည်ကို ဖောက်ဖျက်တော်မူမည့်အရှင်အဖြစ် အလျှင်း မတွက်ချက် မထင်မှတ်ကြလေနှင့်။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အား အရှင့်စည်းဘောင်နိယာမတော်များဖြင့် ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ အရာခပ်သိမ်း၏ပိုင်ရှင်စစ် ဖြစ်ရုံသာမက အဆိုပါစည်းဘောင်များအား ချိုးဖောက်ကျူးလွန်သူတို့ကို ဒဏ်ခတ်အရေးယူနိုင်သော အခြေအနေအလုံးစုံကို ဖြစ်စေတော်မူသော အရှင်လည်း ဖြစ်တော်မူ၏။