Back to Languages

Burmese - Chapter 14 - Ibrahim

Translation by Alin U Yin — Permalink

Verse 51 — Surah Ibrahim 14:51

(ထိုသို့ အပြစ်ပေးတော်မူခြင်းမှာ) အလ္လာဟ်အရှင်မြတ်သည် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော် မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော် အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) တိုင်း အား ယင်းကိုအသုံးချ၍ ကျင့်ကြံရှာဖွေဆည်းပူးသုံးစွဲခဲ့သမျှနှင့်အညီ အ ကျိုးဆက်အဖြစ် (အစားပေးရန်) ပေးဆပ်စေတော်မူရန် အတွက်သာ ဖြစ်ပေ၏။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် စစ်ဆေးစိစစ်တော်မူ၍ လျင်မြန်စွာ စာရင်းရှင်းတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။