Back to Languages

Burmese - Chapter 14 - Ibrahim

Translation by Alin U Yin — Permalink

Verse 9 — Surah Ibrahim 14:9

သင်တို့အလျင် ရှိခဲ့ကြသော တမန်တော်နူးဟ်၊ အာဒ်၊ ဆမူဒ်လူမျိုးများနှင့်သူတို့၏နောင်မျိုးဆက်များ၏သမိုင်းကြောင်း စံနမူနာယူဖွယ်ရာ သတင်းအချက်အလက်များ အသင်တို့ထံ ရောက်ခဲ့ပြီ မဟုတ်လော။ ထိုသ တင်းအချက်အလက်များအား အလ္လာဟ်အရှင်မြတ်မှတစ်ပါး အတိအကျ မည်သူမျှ မသိနိုင်ပေ။ သူတို့ထံ ငါအရှင် မြတ်စေလွှတ်တော်မူသော ရစူလ်တမန်တော်များသည် ကွက်ကွက်ကွင်းကွင်း မြင် သာထင်ရှားသော သက်သေအ ထောက်အထားများ ပါဝင်သည့် ရှင်းလင်းချက်နှင့်အတူ သူတို့ထံ ရောက်လာခဲ့သော်လည်း ယင်းရှင်းလင်းချက်များကို ချေပနိုင်စွမ်းမရှိသောကြောင့် ပြက်ရယ်ပြုမှု နှောင့်ယှက်မှုနှင့်ဒေါသထွက်မှုစသည့်လုပ်ရပ်များဖြင့် ဘေးချိတ်ထား၍ ထွန်းလှန်ကြရုံသာမက သူတို့၏ပါးစပ်များတွင်လည်း ဧကန်ပင်၊ ကျွန်ုပ်တို့သည် အသင်တမန်တော်နှင့်အတူ စေလွှတ်တော်မူခြင်းခံရသော အမိန့်ပညတ်များနှင့်စပ်လျဉ်း၍ မယုံကြည်ဖီဆန်ငြင်းပယ်ကြပါ၏။ ထို့ပြင်အသင်က ကျွန်ုပ်တို့အား ထိုအရှင်မြတ်ဘက်သို့ဖိတ်ခေါ်ခြင်း၌ သံသယရှိရုံသာမက ဒွိဟသံသယ ရှိသော အရာအဖြစ်ပင် မှတ်ယူကြပါ၏။” ဟု ပြောဆိုခဲ့ကြကုန်၏။