Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 15 - Al-Hijr
Translation by Alin U Yin — Permalink
Verse 22 — Surah Al-Hijr 15:22
ထို့ပြင် ငါအရှင်မြတ်သည် (ဝတ်မှုန်ကူးစေရန်) လေများကို စေလွှတ်တော်မူပြီးနောက် ငါအရှင်မြတ်သည်ပင် မိုးကောင်းကင်မှ မိုးရေကို ရွာသွန်းစေတော်မူခြင်းဖြင့် ယင်းကို သင်တို့ သောက်သုံးနိုင်ရန် ချီးမြှင့်ပေးအပ်တော်မူရုံသာမက ယင်းကို မြေကမ္ဘာအောက်တွင် စုဆောင်းသိုလှောင် ထိန်းထားနိုင်သူမှာ သင်တို့ မဟုတ်ဘဲ ငါအရှင်မြတ်သာ ဖြစ်တော်မူ၏။