Back to Languages

Burmese - Chapter 15 - Al-Hijr

Translation by Alin U Yin — Permalink

Verse 47 — Surah Al-Hijr 15:47

ထို့ပြင် ငါအရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်ကြံကြသော သူတော်စင်သူတော်မြတ်တို့၏ စိတ်နှလုံးများ၌ (ကျန်) ရှိနေသေးသော ရှိသမျှ ရန်ငြိုး၊ ရန်စ၊ အာဃာတနှင့်မနာလိုမှုများကို ဖယ်ရှားပေးတော်မူပြီး အချင်းချင်း ညီရင်းအစ်ကိုများပမာ ငြိမ်းချမ်းသာယာသော သလွန်များ ပေါ်တွင် မျက်နှာချင်းဆိုင်တွေ့ဆုံကြလျက် (ခင်မင်ရင်းနှီးစွာ နေထိုင်ခွင့်) ပေးတော်မူမည်။