Back to Languages

Burmese - Chapter 15 - Al-Hijr

Translation by Alin U Yin — Permalink

Verse 49 — Surah Al-Hijr 15:49

(အို၊ ရစူလ်တမန်တော်) အသင်သည် ငါအရှင်မြတ်၏အစေခံလူသားများအား ဧကန်မလွဲ၊ ငါအရှင် မြတ်သည် လူသားတို့၏စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းဥပဒေများ ပြဌာန်းထားတော်မူပြီး ယင်းတို့ကို့ မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အရာခပ်သိမ်းအပေါ် အစဉ် သနားကြင်နာညှာတာတော်မူသော အကြင်နာရှင်၊ ဖြစ်တော်မူကြောင်း သတင်းကောင်းပါးလော့။