Back to Languages

Burmese - Chapter 15 - Al-Hijr

Translation by Alin U Yin — Permalink

Verse 85 — Surah Al-Hijr 15:85

စင်စစ်သော်ကား၊ ငါအရှင်မြတ်သည် မိုးကောင်းကင်များနှင့်မြေကမ္ဘာကိုလည်းကောင်း၊ ယင်းတို့၌ တည်ရှိနေသောအရာ ဟူသမျှတို့ကိုလည်းကောင်း၊ (တိကျသောရည်ရွယ်ချက် အခြေခံနိယာမတရားများ၊ စနစ်တကျ ရှိစေလျှက်) အမှန်တရားသစ္စာဖြင့်မှအပ (အကြောင်းမဲ့ ပရမ်းပတာ) ဖွဲ့စည်းဖြစ်တည်စေတော်မူသည် မဟုတ်ချေ။ ထို့ပြင် ဧကန်မလွဲ၊ (ငါအရှင်မြတ်က ပြဌာန်းသတ်မှတ်ထားတော်မူသော တမလွန်တရားစီရင်မည့်) နောက်ဆုံး နေ့နာရီသည် မုချပင် ဆိုက်ရောက်လာမည်ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော် အသင်သည် လူတို့၏မှားယွင်းချွတ် ချော်မှုများနှင့်နှောက်ယှက်မှုများကို) ဥပေက္ခာပြုလျှက် အကောင်းဆုံးနှင့်အတင့်တယ်ဆုံးနည်းဖြင့် ကောင်းမွန်စွာ ခွင့်လွှတ်လော့။