Back to Languages

Burmese - Chapter 16 - An-Nahl

Translation by Alin U Yin — Permalink

Verse 101 — Surah An-Nahl 16:101

ထို့ပြင် ငါအရှင်မြတ်သည် အာယတ်သက်သေလက္ခဏာတော် တစ်ခု၏နေရာတွင် အခြားအာယသ် သက်သေလက္ခဏာတော်တစ်ခုဖြင့် အစားတိုးပြောင်းလဲစေတော်မူသောအခါ အမှန်စင်စစ် (ထိုသို့ ပြောင်းလဲစေတော်မူခြင်း ကျမ်းတော်မြတ်ကုရ်အာန်အား ပြီးပြည့်စုံစေတော်မူရန်ဖြစ်ရာ) ချမှတ်ပေးအပ်တော်မူ​သမျှနှင်စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်သည်ပင် အသိဆုံးဖြစ်တော်မူသော်လည်း (အမှန်တရားသစ္စာ ကို မယုံကြည်ဖီဆန်ငြင်းပယ်ကြသော) သူတို့ကမူ “အသင် (တမန်တော်) သည်ပင် (ထိုသို့) ကြံစည် ဖန်တီးခြင်းသာ ဖြစ်၏။”ဟု ပြောဆိုကြ၏။ (သူတို့စွပ်စွဲသကဲ့သို့အလျှင်းမဟုတ်ပေ)၊ အမှန်မှာ လူသားတို့အနက်မှ အများစုသည် (အမှန်တရားသစ္စာနှင့်စပ်လျဉ်း၍) မသိနားမလည်ကြပေ။