Back to Languages

Burmese - Chapter 16 - An-Nahl

Translation by Alin U Yin — Permalink

Verse 102 — Surah An-Nahl 16:102

(အို၊ ရစူလ်တမန်တော် သူတို့အား) “သက်ဝင်ယုံကြည်သူတို့ (၏ ယုံကြည်မှုခိုင်မြဲစေပြီး အရှင့်လမ်းစဉ်တော်၌ စွဲမြဲစွာရပ်တည်စေလျှက် ကျမ်းတော်မြတ်ကုရ်အာန်) အား ကြံ့ခိုင်မြဲမြံစွာဖြင့် ဆုပ်ကိုင်ထားစေတော်မူရန်အလို့ငှာ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်မြတ်၏ထံတော်မှ မြင့်မြတ်သော ရူဟ်ဝိညာဉ် တော် (ကောင်းကင်တမန်ဂျစ်ဗ်ရီလ်) သည် ထိုကျမ်းတော်ကို အမှန်တရားသစ္စာနှင့်အတူ ထုတ်ပြန်ချမှတ်ပေးအပ်ပြီး (ယင်းကျမ်းတော်သည် ကိုယ်စိတ်နှလုံးကို အရှင့်ထံအပ်နှံ၍ ဖြောင့်မတ်စွာ ပြုမူကျင့်ကြံလျှက် ငြိမ်းချမ်းရေးလိုလာသော) မွတ်စလင်များအတွက် လမ်းညွှန်တော်နှင့်ဝမ်းမြောက်ဝမ်း သာဖွယ်ရာ သတင်းလည်း ဖြစ်၏။"" ဟု ဟောပြောလော့။