Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 16 - An-Nahl
Translation by Alin U Yin — Permalink
Verse 106 — Surah An-Nahl 16:106
သူ၏စိတ်နှလုံးထဲ၌ ယုံကြည်မှုဖြင့် တင်းတိမ်ရောင့်ရဲမှုနှင့်တည်ငြိမ်အေးချမ်းမှုကို ခံစားပါလျက် အနိုင် ကျင့် အကျပ်ကိုင်ခြိမ်းခြောက်၍ အတင်းအဓမ္မခိုင်းစေခြင်းမှအပ သက်ဝင်ယုံကြည်ပြီးနောက် အလ္လာဟ်အရှင်မြတ်အား (သစ္စာဖောက်လျက်) သွေဖည်ငြင်းပယ်သူ (မည်သူမဆို)’သည် သူ၏စိတ်နှလုံး (နှင့်အတွေးအခေါ် ဆိုင် ရာနားလည်နိုင်စွမ်း) ကို ကျယ်ကျယ်ပြန့်ပြန့်နှင့်လိုလိုလားလား လမ်းဖွင့်ပေးထားကြောင့် သူ့အပေါ်တွင် အလ္လာဟ်အရှင်မြတ်၏ထံတော်မှ (မေတ္တာကရုဏာတော် ကင်းဝေးစေမည့်) အမျက်တော်ကျရောက်မည်ဖြစ်သည့်အပြင် သူတို့အတွက် ကြီးမားပြင်းထန်သော ပြစ်ဒဏ်နှင့်ပြစ်တင် ရှုတ်ချမှုလည်း ရှိနေ၏။