Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 16 - An-Nahl
Translation by Alin U Yin — Permalink
Verse 110 — Surah An-Nahl 16:110
ထို့နောက် ဧကန်မုချ၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်မြတ်သည် (သူတို့၏ယုံကြည် မှုကို အကြောင်းပြု၍) ညှင်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ကြရပြီးနောက် နေရင်းစွန့်ရွှေ့ပြောင်း နေထိုင်ကြလျက် စွမ်းစွမ်းတမံ ရုန်းကန်လှုပ်ရှားရုံသာမက (အရှင့်လမ်းစဉ်၌ ထိုသို့ရုန်းကန်ရာတွင် ရင်ဆိုင်ကြုံတွေ့ရသော ဒုက္ခအခက်အခဲများကိုလည်း ဇွဲလုံ့လဝီရိယဖြင့် မြဲမြံစွာ) သည်းခံကြံခိုင်ကြမှု ရှိစေတော်မူ၏။ ဧကန်ပင်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်မြတ်သည် ထို (သို့ ရုန်းကန်မှုသည်းခံကြံ့ခိုင်ခြင်းကြောင့် သူတို့) ၏နောက်တွင် အမှန်ပင် အလွန် လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ သ နားကြင်နာ ညှာတာတော်မူသော အကြင်နာရှင် (အဖြစ်ရပ်တည်တော်မူသောအရှင်) ဖြစ်တော်မူ၏။