Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 16 - An-Nahl
Translation by Alin U Yin — Permalink
Verse 111 — Surah An-Nahl 16:111
(သတိရှိကြလော့။) ထို (တမလွန်တရားစီရင်မည့်) နေ့တွင် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူ ထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်း မျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) တိုင်းသည် ယင်းနဖ်စ်ကို အသုံးချခဲ့ခြင်းအတွက် အသနားခံပန်ကြားမည်ဖြစ်ပြီး နဖ်စ်တိုင်းအား ယင်းဖြင့် ပြုမူကျင့်ကြံသမျှနှင့်စပ်လျဉ်း၍ အကျိုးဆုလဒ်များကို အပြည့်အဝ ချီးမြှင့်တော်မူခြင်း ခံကြရမည်။ အမှန်စင်စစ် သူတို့သည် မတော်မတရား ပြုခြင်းကို လုံးဝ ခံကြရမည် မဟုတ်ပေ။