Back to Languages

Burmese - Chapter 16 - An-Nahl

Translation by Alin U Yin — Permalink

Verse 112 — Surah An-Nahl 16:112

ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (မြေပေါ်မြေအောက်နှင့်ပင်လယ်ရေပြင်အစရှိသော) နေရာတိုင်းမှ စားနပ်ရိက္ခာများ (နှင့်အခြားလိုအပ်များ) ဖောဖောသီသီရောက်ရှိစေ၍ တင်းတိမ်ရောင့်ရဲမှုနှင့်ဘေးကင်းလုံခြုံ မှုကို ခံစားလျက် တည်ငြိမ်အေးချမ်းစွာ ရပ်တည်စေတော်မူသောကြောင့် ထိုမြို့ရွာဒေသနေ ပြည်သူတို့က အလ္လာဟ်အရှင်မြတ်က ပေးအပ်တော်မူထားသည့် (မိုးရေ၊ သယံဇာတ၊ စွမ်းအင်၊ ကျမ်းတော်နှင့် လမ်းညွှန်အစရှိသော အရှင်မြတ်) ၏ဂုဏ်ပေးမှုများနှင့်စပ်လျဉ်း၍ ကျေးဇူးကန်းလျက် ငြင်းပယ်ခဲ့ကြရာ အလ္လာဟ်အရှင်မြတ်သည် (သူတို့အား) သူတို့၏ (ယုံကြည်ကိုးကွယ်မှုနှင့်နေ့စဉ်ဘဝတွင် အရှင်မြတ်နှင့်တွဲဖက်တုပြိုင်သော ကိုးကွယ်ရာများအား) ဖန်တီးပြုမူခြင်းနှင့်အညီ ဆာလောင်ငတ်မွတ်မှုနှင့်ကြောက်ရွံ့ထိတ်လန့်မှု ဝတ်စားတန်ဆာကို မြည်း စမ်းစေတော်မူ၏။