Back to Languages

Burmese - Chapter 16 - An-Nahl

Translation by Alin U Yin — Permalink

Verse 114 — Surah An-Nahl 16:114

သို့ဖြစ်ပေရာ သင်တို့သည် သင်တို့အား အလ္လာဟ်အရှင်မြတ်က ချီးမြှင့်ပေးသနားတော်မူသော စားနပ်ရိက္ခာများအနက်မှ သန့်ရှင်းစင်ကြယ်ရာကို သုံးဆောင်ကြပြီး အကယ်၍ ထိုအရှင်မြတ် တစ်ပါးတည်းကိုသာ နာခံကိုးကွယ်ကြလျှင် အလ္လာဟ်အရှင်မြတ်ပေးအပ်တော်မူသော (လမ်းညွှန်တော်၊ ကျမ်းတော်နှင့်တမန်တော်များ၊ သယံဇာတများနှင့်စွမ်အင်များစသည့်) အရှင့်ဂုဏ်ပေမှုများအတွက် ကျေးဇူးတင်ကြလော့။