Back to Languages

Burmese - Chapter 16 - An-Nahl

Translation by Alin U Yin — Permalink

Verse 115 — Surah An-Nahl 16:115

အရှင်မြတ်က သင်တို့အတွက် တားမြစ်ထားတော်မူသည်မှာ အသေကောင်များ၊ ဝက်သားနှင့် အလ္လာဟ် အရှင်မြတ်မှအပ အခြားကိုးကွယ်ရာများ၏အမည်များဖြင့် တိုင်တည်စွန့်လှူလှီးသတ်သော သား ကောင်များသာ ဖြစ်၏။ သို့သော် မည်သူမဆို (လိုအပ်ချက်ကြောင့် သေရေးရှင်ရေးတမျှ) အကျပ်အတည်းနှင့်ကြုံတွေ့နေသူ ဖြစ်၍ (အစားအသောက်နှင့်စပ်လျဉ်း၍ အရှင်မြတ်ပြဌာန်းထားသော စည်းမျဉ်းများအား) မနာခံလိုသော ဆန္ဒရှိသူ (သို့မဟုတ် အစားမက်သူ) နှင့်စည်းမျဉ်းချိုးဖောက်သူ မဟုတ်လျှင် (အသက်ရှင်ရုံမျှ အတွက်သာ ထိုတားမြစ် ထားသောအရာကို စားခြင်း၌ ထိုသူအတွက် အပြစ်မထိုက်ပေ။) မုချဧကန်၊ အလ္လာဟ်အရှင်မြတ် (လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ချိုးဖောက်မိသူ တို့အား) အလွန်ပင် လွတ်ငြိမ်းချမ်းသာ ခွင့်ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော် မူသော အကြင်နာရှင် ဖြစ်တော်မူ၏။