Back to Languages

Burmese - Chapter 16 - An-Nahl

Translation by Alin U Yin — Permalink

Verse 118 — Surah An-Nahl 16:118

ထို့ပြင် ယခင်က အသင် (တမန်တော်) အား (ရှေးခေတ်အဖြစ်အပျက်များ အကြောင်းကို) ပြန်လည် တင်ပြစေတော်မူသည့်အတိုင်း ငါအရှင်မြတ်သည် ဂျူးလူမျိုးတို့အပေါ်၌ (ယခု တရားဝင် ခွင့်ပြုထားသည့်အရာအချို့ကို) တရားမဝင်အဖြစ် တားမြစ်တော်မူခဲ့၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် သူတို့အား မတော်မတရား ပြုတော်မူခဲ့သည် မဟုတ်ပေ။ သို့ရာတွင် သူတို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို သူတို့၏ဆန္ဒတော်များနှင့်အညီအသုံးချလျက် (အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ သူတို့ ကိုသူတို့) မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံကြခြင်းသာ ဖြစ်၏။