Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 16 - An-Nahl
Translation by Alin U Yin — Permalink
Verse 119 — Surah An-Nahl 16:119
ထို့နောက် ဧကန်ပင်၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင် မြတ်သည် (မကောင်းမှုဘက် အားသန်သော စိတ်အလိုရမ္မက်နောက်ကို လိုက်၍) အသိပညာကင်းမဲ့စွာဖြင့် မကောင်းမှုဒုစရိုက်များကို ပြုမူကျင့်ကြံသူတို့အား ထိုသို့ပြုမူကြပြီးနောက်တွင် (နောင်တရလျက် ဝန်ချတောင်း ပန်ကာ) အရှင့်လမ်းစဉ်ဘက်သို့ ပြန်လှည့်လာသည်ကို အကြောင်းပြု၍ ကောင်းမှုကုသိုလ်များဖြင့် ပြုပြင်စေတော်မူ၏။ ထိုသို့ဖြစ်ပြီးနောက်တွင် ဧကန်မလွဲ၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရှင်မြတ်သည် (သူတို့အား ခွင့်လွှတ်တော်မူခဲ့ခြင်းမှာ) အလွန်လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသောအကြင်ရှင်၊ ဖြစ်တော်မူသောကြောင့် ဖြစ်၏။