Back to Languages

Burmese - Chapter 16 - An-Nahl

Translation by Alin U Yin — Permalink

Verse 122 — Surah An-Nahl 16:122

ထို့ပြင် ငါအရှင်မြတ်သည် ထို (တမန်တော်) အီဗ်ရာဟီမ်းအား ဤလောကီဘဝ၌ ကောင်းမြတ်သောအရာ (အရှင့်လမ်းညွှန်တော်နှင့်ကျေးဇူးတော်) ကို ချီးမြှင့်ပေးအပ်တော်မူသည့်အပြင် နောင်တမလွန်ဘဝ၌ လည်း သူသည် ဧကန်စင်စစ်၊ ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုဖြင့် ပြုပြင်ကြသည့် သူတော်စင်တို့အနက်မှ အမှန်ပင် တစ်ဦးအပါအဝင် ဖြစ်လိမ့်မည်။