Back to Languages

Burmese - Chapter 16 - An-Nahl

Translation by Alin U Yin — Permalink

Verse 123 — Surah An-Nahl 16:123

ထို့နောက် ငါအရှင်မြတ်သည် အသင် (တမန်တော်) ထံသို့ “(တမန်တော်) အီဗ်ရာဟီမ်း၏လမ်းစဥ်သော (မယုံကြည်မှုနှင့်အယောင်ဆောင်မှု လုံးဝ ကင်းရှင်း၍ သန့်စင်သော) တည်ကြည်ဖြောင့်မတ်သည့် လမ်း စဉ်အတိုင်း လိုက်နာလော့။” ဟု ဝဟီအမိန့်တော်ထုတ်ပြန်ပို့ချတော်မူ၏။ ထို့ပြင် (တမန်တော်) အီဗ်ရာဟီမ်းသည် အရှင် မြတ်နှင့် တွဲဖက်နှိုင်းယှဉ်၍ အခြားသောအရာများကို ကိုးကွယ်သူတို့ အနက်မှလည်း အလျှင်း မဖြစ်ခဲ့ချေ။