Back to Languages

Burmese - Chapter 16 - An-Nahl

Translation by Alin U Yin — Permalink

Verse 13 — Surah An-Nahl 16:13

ထို့ပြင် ထိုအရှင်မြတ်သည် အသင်တို့အကျိုးငှာ မြေကမ္ဘာ၌ အရောင်အဆင်းအနံ့အရသာ အမျိုးမျိုးရှိသော (စားစရာသောက်စရာများ) တိုးပွားဖြစ်ထွန်း ပေါ်ပေါက်စေတော်မူ၏။ မုချဧကန်၊ ထိုသို့တိုးပွား ဖြစ် ထွန်းစေတော်မူခြင်း၌ (ယင်းတို့ကို မည်သို့ စနစ်တကျ လိုက်ဘက်မျှတစေ၍ လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့်အရာများအဖြစ် ဖြစ်ထွန်းစေတော်မူသော) အရှင်မြတ်ကို သတိရ တသ၍ သတိမူ၊ ထုတ် ဖော်ဖွင့်ဟကြသော လူမျိုးတို့အတွက် အာယသ်သက်သေလက္ခဏာတော်များ ရှိ၏။