Back to Languages

Burmese - Chapter 16 - An-Nahl

Translation by Alin U Yin — Permalink

Verse 14 — Surah An-Nahl 16:14

အမှန်စင်စစ်၊ ထိုအရှင်မြတ်သည်ပင် ပင်လယ်သမုဒ္ဒရာကို ယင်းမှ အသင်တို့ လတ်ဆတ်သော အသားများ ကိုစားသုံးနိုင်ကြရန်လည်းကောင်း၊ လက်ဝတ်လက်စားအလှတန်ဆာများကို ထုတ်ယူနိုင်ကြရန်နှင့်ဆင်ယင် သုံးစွဲနိုင်ကြရန်လည်းကောင်း၊ အသုံးဝင်သောအရာအဖြစ် ဖြစ်စေတော်မူခြင်းသည် အသင်တို့ တွေ့မြင်ကြရသော ရေယာဉ်သင်္ဘောများကို ထိုပင်လယ် သမုဒ္ဒရာ၌ ရှေ့တိုးခုတ်မောင်းသွားလာ (၍ ကူးလူးဆက်ဆံစေတော်မူ) ခြင်းဖြင့် (ထိုပင်လယ်သမုဒ္ဒရာများ၌ ရှိသော သယံဇာတများ၊ ပုလဲရတနာများနှင့်စားစရာငါးများ အစရှိသည့်) အရှင်မြတ်၏ရက်ရောသော ကျေးဇူးတော်များကို ရှာဖွေရယူနိုင်ကြရန်နှင့် (လူသားအား ပေးအပ်တော်မူတော်သော အဆိုပါကျေးဇူးတော်များနှင့်စပ်လျဉ်း၍) ကျေးဇူးသိတတ်ကြရန်အလို့ငှာပင် ဖြစ်၏။