Back to Languages

Burmese - Chapter 16 - An-Nahl

Translation by Alin U Yin — Permalink

Verse 17 — Surah An-Nahl 16:17

သို့ဖြစ်ပေရာ အရာခပ်သိမ်းကို ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရှင်မြတ်သည် မည်သည့် တစ်စုံတစ်ရာကိုမျှ ဖွဲ့စည်းဖြစ်တည်စေနိုင်စွမ်းမရှိသောသူကဲ့သို့ ဖြစ်တော်မူမည်လော။ သို့ပါလျက် အသင်တို့သည် (အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရာများအား စူးစမ်းလေ့လာ၍ ယင်းတို့၌ တည်ရှိနေသော အရှင့် နိယာမတရားကို) သတိရ တသ၍ ဖွင့်ဟထုတ်ခြင်း မပြုကြလေသလော။