Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 16 - An-Nahl
Translation by Alin U Yin — Permalink
Verse 20 — Surah An-Nahl 16:20
စင်စစ်မှာမူကား (မယုံကြည်သူများနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်ကြသော) သူတို့သည် အလ္လာဟ်အ ရှင်မြတ်မှလွဲ၍ (သက်ရှိသက်မဲ့များအနက်မှ ကိုးကွယ်ရာများအဖြစ် မှတ်ယူကြသော) အခြားအရာများကို အားကိုးတကြီး ဟစ်ခေါ်ကြသော်လည်း (အမှန်မှာ) ယင်းတို့သည် (အရှင်မြတ်၏) ဖွဲ့စည်းဖြစ်တည်စေခြင်းခံကြရသော အရာများသာဖြစ်ပြီး မည်သည့် တစ်စုံတစ်ရာကိုမျှ အလျှင်း ဖွဲ့စည်းဖြစ်တည်စေနိုင်စွမ်း မရှိကြပေ။