Back to Languages

Burmese - Chapter 16 - An-Nahl

Translation by Alin U Yin — Permalink

Verse 22 — Surah An-Nahl 16:22

(နှလုံးသွင်းမှတ်ယူကြလော့။) သင်တို့၏ကိုးကွယ်ရာအရှင်သည် ဧကောဒိတစ်ဆူတည်းသော အရှင်မြတ် ပင် ဖြစ်တော်မူ၏။ သို့ရာတွင် တမလွန်ဘဝကို မယုံကြည်ကြသောသူတို့၏စိတ်နှလုံးများ (နှင့်အတွေး အခေါ်များ) သည် (ကိုးကွယ်ရမည့်အရှင်မှာ တစ်ဆူတည်းဖြစ်တော်မူကြောင်းနှင့်အမှန်တရား သစ္စာတို့ကို) ငြင်းဆိုလျက် ရှိ ကြပြီး (အနန္တကရုဏာရှင်အား အာခံ၍) မာန်မာနထောင်လွှားလျက်ပင် ရှိကြကုန်၏။