Back to Languages

Burmese - Chapter 16 - An-Nahl

Translation by Alin U Yin — Permalink

Verse 26 — Surah An-Nahl 16:26

ဧကန်အမှန်၊ သူတို့အလျင်ရှိခဲ့ကြသော သူတို့သည်လည်း (သူတို့ကဲ့သို့ပင် မယုံကြည်မှုနှင့်မကောင်းမှု ဒုစရိုက်များကို မရမနေ ဇွဲကောင်းစွာဖြင့်) ကြံစည်လုပ်ဆောင်ခဲ့ကြရာ အလ္လာဟ်အရှင်မြတ်သည် သူတို့ ၏အဆောက်အအုံများကို အခြေခံအုတ်မြစ်များမှ ပြိုပျက်စေတော်မူခဲ့သောကြောင့် သူတို့အထက်တွင်ရှိသော အိမ် ခေါင်မိုးများသည် သူတို့အပေါ်၌ ပြိုကျလာခဲ့ပြီး ထိုပြစ်ဒဏ်သည် မည်သည့်နေရာမှ ဆိုက် ရောက်လာသည်ကိုပင် သူတို့က သတိမမူနိုင်ခဲ့ကြပေ။