Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 16 - An-Nahl
Translation by Alin U Yin — Permalink
Verse 28 — Surah An-Nahl 16:28
ထိုသူတို့သည် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များအား အရှင့်စည်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံရာ၌ အသုံးချနေစဉ်ပင် မလာအီကာစေတမန်များက သူတို့၏အသက် ဇီဝိန်များကို ချုပ်ငြိမ်းစေခဲ့ကြ၏။ သို့ဖြစ်ပေရာ (သူတို့သည် ပြစ်ဒဏ်များကို မျက်ဝါးထင်ထင် တွေ့မြင်ကြသောအခါ သူတို့က ဆင်ခြေပေးသည့်အနေဖြင့်) “ကျွန်တော်မျိုးတို့သည် မည်သည့် မကောင်းမှုကိုမျှ ပြုမူကျင့်ကြံကြသည်မဟုတ်ဘဲ (ကိုယ်စိတ်နှလုံးကို အရှင့်ထံအပ်နှံလျှက် ကျိုးနွံစွာ) နာခံလိုက်နာရန် ကမ်းလှမ်းပါ၏။” (ဟု အသနားခံကြလိမ့်မည်။) ထိုသို့ အလျှင်းမဟုတ် (ဘဲ ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရရန် ဆင်ခြေပေးခြင်း သာဖြစ်၏။) ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုမူကျင့်ကြံသမျှကို အကြွင်းမဲ့ သိနေတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။