Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 16 - An-Nahl
Translation by Alin U Yin — Permalink
Verse 30 — Surah An-Nahl 16:30
သို့ရာတွင် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင်ကြံကြသူတို့သည် “အသင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် အဘယ်အရာကို ချမှတ်ပေးအပ်တော်မူသနည်း။” ဟု မေးမြန်းခြင်းခံရသောအခါ သူတို့က “ကောင်းမြတ်သောအရာ” ဟု ပြောဆို ဖြေကြား၏။ (လုပ်ရပ်ဟူသမျှကို အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရာရာအား အရှင့်ကို သိစိတ်ဖြင့်) အကောင်းဆုံးဖြစ်အောင် ပြမူကျင့်ကြံသူတိုအတွက် ဤလောကီဘဝ၌ ကောင်းမြတ်မှုများ ရှိပြီး တမလွန်ဘဝ၏ဗိမာန်မှာမူ အကောင်းမြတ်ဆုံးဖြစ်သည့်အပြင် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင်ကြံကြသူတို့၏နောက်ဆုံးပန်းတိုင်ဖြစ်သော ဗိမာန်သည် အကောင်းမြတ်ဆုံး ဂုဏ်ပေးခံရမှုပင် ဖြစ်၏။