Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 16 - An-Nahl
Translation by Alin U Yin — Permalink
Verse 31 — Surah An-Nahl 16:31
ထိုသူတို့ဝင်ရောက်ကြမည့် သုခဥယျာဉ် (ဗိမာန်) များသည် အောက်ခြေ၌ စိမ့်စမ်းရေ တသွင်သွင်စီး ဆင်းနေပြီး အစဉ် အမြဲထာဝရ ချမ်းမြေ့ပျော်ရွှင်စွာ နေထိုင်ကြရမည့် သုခဥယျာဉ်များပင် ဖြစ်၏။ သူတို့အတွက် ထိုသုခဥယျာဉ်များတွင် သူတို့ အလိုရှိသမျှတို့လည်း ရှိကြမည်။ အလ္လာဟ်အရှင်မြတ်သည် (အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင်ကြံကြသော) သူတော်စင်တို့အား ထိုကဲ့သို့ပင် (အကျိုးဆုလဒ်များဖြင့်) အစားပေးတော်မူမည်။