Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 16 - An-Nahl
Translation by Alin U Yin — Permalink
Verse 33 — Surah An-Nahl 16:33
(မယုံကြည်သူနှင့်အမှန်တရားကို သွေဖည်ငြင်းပယ်ကြသော) သူတို့သည် သူတို့ထံ မလာအီကာစေတမန်များ ရောက်လာ (၍ ငရဲဘုံသို့ခေါ်သွား) ရန် သို့တည်းမဟုတ် ကောင်းကင်တမန်များ ရောက်ရှိလာကြခြင်းမှအပ၊ သို့တည်းမဟုတ် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရှင်မြတ်၏အမိန့်တော် ရောက် (ရှိလာ၍ သူတို့အတွက် ငရဲဘုံ၏တံခါးပေါက်များကို ဖွင့်လစ်ထား) ရန်မှအပ၊ အခြားမည်သည်ကို စောင့်မျှော်နေကြသနည်း။ သူတို့မတိုင်မီ ရှိခဲ့ကြသော (ရှေးခေတ်လူသားဖြစ်) သူတို့ကလည်း ထိုနည်းအတိုင်းပင် ပြုလုပ်ခဲ့ကြ၏။ အမှန်သော်ကား၊ အလ္လာဟ်အရှင်မြတ်သည် သူတို့အား မတော်မတရား ပြုတော်မူသည် မဟုတ်ပေ။ သို့ရာတွင် သူတို့သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ သူတို့ကိုယ်သူတို့သာ မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံကြခြင်းသာ ဖြစ်၏။