Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 16 - An-Nahl
Translation by Alin U Yin — Permalink
Verse 35 — Surah An-Nahl 16:35
စင်စစ် (အခြားအရာများကို အရှင်မြတ်နှင့်) တွဲဖက်နှိုင်းယှဉ်ကိုးကွယ်သူတို့က “အကယ်၍သာ အလ္လာဟ် အရှင်မြတ်သည် (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ) အလိုရှိတော်မူလျှင် ကျွန်ုပ်တို့နှင့်ကျွန်ုပ်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့သည် ထိုအရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာကိုမျှ ကိုးကွယ်ခဲ့ကြမည် မဟုတ်ပေ။ ထို့ပြင် အရှင့်အမိန့်ညွှန်ကြားချက်မရဘဲ မည်သည့် တစ်စုံတစ်ရာကိုမျှ တားမြစ်ပိတ်ပင်ကြမည်လည်း မဟုတ်ပေ။” ဟု ပြောဆိုကြ၏။ သူတို့မတိုင်မီ ရှိခဲ့ကြသော (ရှေးခေတ်) လူတို့သည်လည်း ထိုကဲ့သို့ပင် ပြုမူကျင့်ကြံခဲ့ကြ၏။ သို့ဖြစ်ပေရာ၊ ရစူလ်တမန်တော်များအပေါ်၌ (အလ္လာဟ်အရှင်မြတ်၏အ မိန့်တော်များကို လူတို့ထံ) ပို့ဆောင် ဟောကြားခြင်းမှအပ အခြား တာဝန်ရှိနိုင်မည်လော။