Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 16 - An-Nahl
Translation by Alin U Yin — Permalink
Verse 36 — Surah An-Nahl 16:36
စင်စစ်သော်ကား ဧကန်ပင်၊ ငါအရှင်မြတ်သည် လူမျိုးတိုင်းတွင် အလ္လာဟ်အရှင်မြတ်မှအပ အခြား မည် သည့် သက်ရှိသက်မဲ့ကိုမျှ မကိုးကွယ်ရန်နှင့်ရုပ်ပွားဆင်းတုအစရှိသော မှားယွင်းသည့် ကိုးကွယ်ရာများကို ရှောင်ကြဉ်စွန့်လွှတ်ကြရန် အမိန့်လမ်းညွှန်ချက်နှင့်အတူ ရစူလ်တမန်တော်တစ်ပါးစီအား ပွင့်ပေါ်စေတော်မူ၏။ သို့ရာတွင် သူတို့အနက်မှ အချို့ကို အလ္လာဟ်အရှင်မြတ်က တရားလမ်းမှန် ညွှန်ပြတော်မူပြီး အချို့မှာမူ သူတို့၏ပြုမူကျင့်ကြံမှုများကြောင့် သူတို့အပေါ်၌ လမ်းမှားမှုကိုခွင့်ပြုတော်မူရန် မျှတစွာ အတည်ပြုတော်မူ၏။ သို့ဖြစ်ပေရာ ကမ္ဘာဂြိုဟ်၌ လှည့်ပတ်သွား လာပြီးနောက် (ယခင်က အမှန်တရားအား မဟုတ်မတရားစွပ်စွဲ လှောင်ပြောင်လျက်) သွေဖည်ငြင်းဆန်ခဲ့ကြသော သူတို့၏ဘဝနိဂုံးများ မည်သို့ အဆုံးသတ်ခဲ့ကြသည်ကို (ယနေ့တိုင် ကျန်ရစ် နေသော သမိုင်းအမွေအနစ်များ၌) စူးစမ်းလေ့လာ၊ သုတေသနပြု၍ ဆင်ခြင်သုံးသပ်ကြလော့”။