Back to Languages

Burmese - Chapter 16 - An-Nahl

Translation by Alin U Yin — Permalink

Verse 38 — Surah An-Nahl 16:38

“စင်စစ်သော်ကား၊ ယင်းတို့က အလ္လာဟ်အရှင်မြတ်သည် သေသူအား ရှင်ပြန်ထစေတော်မူမည် မဟုတ်ပေ။” ဟု အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ အလေးအနက် ကျိန်ဆိုခဲ့ကြလေ၏။ ထိုသို့အလျှင်း မဟုတ်ပေ။ အမှန်မှာ ထိုအရှင်မြတ်သည် (သေပြီးနောက် ရှင်ပြန်ထမြောက်စေတော်မူမည်ဟူသော) ကတိတော်အား အရှင့်အပေါ်၌ အမှန်တရားသစ္စာအဖြစ် (အရှင်မြတ်ကပင်) အတည်ပြုတော်မူခဲ့ပြီးဖြစ်သော်လည်း လူသားအများစုမှာမူ (ယင်းနှင့်စပ်လျဉ်း၍ အမှန်တရားကို သိလိုသော ဆန္ဒမရှိခြင်းကြောင့်) မသိနားမလည်ကြချေ။