Back to Languages

Burmese - Chapter 16 - An-Nahl

Translation by Alin U Yin — Permalink

Verse 44 — Surah An-Nahl 16:44

(ငါအရှင်မြတ်သည် တမန်တော်များအား) မြင်သာထင်ရှားသောသက်သေလက္ခဏာတော်များ ပါဝင်သည့် ရှင်းလင်းချက်နှင့်အတူ ကျမ်းဂန်များကိုပါ ပေးအပ်တော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် အသင် (တ မန်တော်) ထံသို့လည်း လူသားအတွက် မြင်သာထင်ရှားသောသက်သေလက္ခဏာတော်များပါဝင်သည့် ရှင်းလင်းချက်အဖြစ် သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာ (ဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်) ကို ချ မှတ်ပေးအပ်တော်မူခဲ့ရာ သူတို့ထံ (လောကီလောကုတ္တရာနှစ်ဌာနစလုံးနှင့်စပ်လျဉ်း၍) ချမှတ်ပေးအပ်တော်မူခြင်းခံရသမျှသည် သူတို့ အလေးအနက်စဉ်းစားဆင်ခြင်လျှက် ရောင်ပြန်ဟပ်နိုင်ရန်အတွက်သာ ဖြစ်၏။