Back to Languages

Burmese - Chapter 16 - An-Nahl

Translation by Alin U Yin — Permalink

Verse 45 — Surah An-Nahl 16:45

အသို့ပါနည်း၊ (အရှင်မြတ်၏ကျေးဇူးတော်များဖြစ်သော အစ္စလာမ်နှင့်ရစူလ်တမန်တော်မြတ်ကို အာခံဖီ ဆန်လျှက်) မကောင်းမှုအကုသိုလ်များကို ကြံစည်ဖန်တီးကြသူတို့သည် အလ္လာဟ်အရှင်မြတ်က သူတို့အား (ရုတ်တရက် မြေပြိုခြင်းခံရ၍) မြေမျိုစေတော်မူမည်ကိုသော်လည်းကောင်း၊ သို့မဟုတ် သူတို့ထံ သူတို့က သတိမမူ၊ မထင်မှတ်ကြသောနေရာမှ ပြစ်ဒဏ်ရောက်ရှိလာမည်ကိုသော်လည်းကောင်း၊ စိုးရိမ်မှုကင်းစွာဖြင့် လုံခြုံစိတ်ချမှုကို ခံစားနေကြလေသလော။