Back to Languages

Burmese - Chapter 16 - An-Nahl

Translation by Alin U Yin — Permalink

Verse 51 — Surah An-Nahl 16:51

စင်စစ် အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ (သက်ရှိသက်မဲ့အားလုံးကို ဖွဲ့စည်းဖြစ်တည်စေတော်မူသော) ထိုအရှင်မြတ်သည် (အစဉ်ထာဝရတည်ရှိတော်မူပြီး) တစ်ဆူတည်းသောအရှင် ဖြစ်တော်မူသော ကြောင့် သင်တို့သည် ကိုးကွယ်ရာ အရှင်နှစ်ပါး (သို့မဟုတ် ထိုထက်မက ရှိသည်ဟု ယူဆကိုးကွယ်ခြင်း) မပြုကြလေနှင့်။ (အရှင်မြတ်မှလွဲ၍ အခြား ကိုးကွယ်အားကိုးစရာအရှင် အလျှင်း မရှိသောကြောင့်) သင်တို့သည် ငါအရှင်မြတ် အားသာလျှင် ထိတ်လန့်စိုးရွံ့ (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်ကြံ) ကြလော့။