Back to Languages

Burmese - Chapter 16 - An-Nahl

Translation by Alin U Yin — Permalink

Verse 52 — Surah An-Nahl 16:52

ထို့ပြင် မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ ရှိသော (သက်ရှိသက်မဲ့) အလုံးစုံတို့သည် ထိုအရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရာများဖြစ်၍ အရှင်မြတ်သာ ပိုင်ဆိုင်တော်မူပြီး အစဉ်အမြဲ တည်တံ့မည့် ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) သည်လည်း (အရှင့်စည်းမျဉ်းနိယာမတော်များအား နာခံလိုက်နာစေခြင်းဖြင့်) ထိုအရှင်မြတ်နှင့်သာ ထိုက်ထန်၏။ သို့ဖြစ်ပေရာ၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်အပြင် အခြား (အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူသော သက်ရှိသက်မဲ့အစရှိ) သောအရာများကို စိုးရွံ့ထိတ်လန့်ရမည်လော။