Back to Languages

Burmese - Chapter 16 - An-Nahl

Translation by Alin U Yin — Permalink

Verse 53 — Surah An-Nahl 16:53

ထို့ပြင် သင်တို့နှင့်အတူ ရှိသမျှ (ကျေးဇူးတော်၊ ကျမ်းတော်၊ လမ်ညွှန်တော်နှင့်ရိက္ခာ စသော) အရာများသည် အလ္လာဟ်အရှင်မြတ်ထံတော်မှ (ချီးမြှင့်တော်မူသော) ဂုဏ်ပေးမှုများသာ ဖြစ်၏။ ထို့နောက် သင်တို့၌ ဘေးဒုက္ခသက်ရောက်ခဲ့သောအခါ သင်တို့သည် ထိုအရှင်မြတ်ထံတော်သို့သာလျှင် ကူညီစောင်မမှုအတွက် ဟစ်ကြွေး ပန်ကြားကြ၏။