Back to Languages

Burmese - Chapter 16 - An-Nahl

Translation by Alin U Yin — Permalink

Verse 57 — Surah An-Nahl 16:57

ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်၌ သမီးများရှိကြသည်ဟုလည်း လီဆယ်ဖန်တီး ကြ၏။ ထို အရှင်မြတ်သည် အသင်အရှင်မြတ်သည် ချို့တဲ့မှုလုံးဝကင်းပြီးအနှိုင်းမဲ့ အရှင်ဖြစ်တော်မူကြောင်း (မည်သည့် အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေခြင်းမရှိကြောင်း၊ ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော် အာလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်ကြောင်းနှင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ပါ၏။ (အရှင်မြတ်၏ဂုဏ်တော်များနှင့်ဆန့်ကျင်၍ မတော်မတရားစွပ်စွဲခြင်းသည်) သူတို့အတွက် သူတို့၏ဆန္ဒများနှင့်အညီ ထင်မြင်ယူဆကြသည့် နှစ်သက်လိုလားခြင်းသာ ဖြစ်၏။