Back to Languages

Burmese - Chapter 16 - An-Nahl

Translation by Alin U Yin — Permalink

Verse 59 — Surah An-Nahl 16:59

သူသည် (သမီးရတနာမွေးဖွားခြင်းနှင့်ပတ်သက်၍ သတင်းကောင်းပေးခြင်းအား) မကောင်းမှုအကုသိုလ် သတင်းပေးခံရခြင်း ဖြစ်သည်။” ဟု မှတ်ယူသောကြောင့် (မည်သူ့ကိုမျှ မျက်နှာမပြဝံ့၍) သူ့လူမျိုး (တို့ ၏အမြင်) မှ (မမြင်နိုင်အောင် သူ့ကိုယ်သူ) ပုန်းကွယ်လေ၏။ သူသည် ထို အရှက်ရ ဂုဏ်သိက္ခာမဲ့စေသည့်အရာ (သမီးရတနာ) အား အသက်ဆက်ခွင့်ပေး၍ ပျိုးထောင်ထိန်းသိမ်းထားရမည်လော။ သို့တည်း မဟုတ် သူမအား မြေကြီးထဲ၌ (အရှင် လတ်လတ်) မြေမြှုပ်သင်္ဂြိုလ်ရပါမည်လော။ ဟု (တွေးတောလေ၏)။ နှလုံးသွင်းကြလော့။ ထိုသို့ ဆုံးဖြတ် ကြခြင်းသည် အလွန်ရက်စက်ယုတ်ညံ့လှသော မကောင်းမှုအကုသိုလ်ပင် ဖြစ်ကြောင်း သံသယဖြစ်စရာ မလိုပေ။