Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 16 - An-Nahl
Translation by Alin U Yin — Permalink
Verse 61 — Surah An-Nahl 16:61
စင်စစ်သော်ကား၊ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် လူသားတို့က အရှင့်စည်းမျဉ်းတော်များအား ကျူးလွန်ချိုးဖောက်လျှက် မတော်မတရားမမှန်မကန် ပြုမူကျင့်ကြံမှုများနှင့်စပ်လျဉ်း ချက်ချင်းလက် ငင်း အရေးယူတော်မူခဲ့လျှင် (မြေကမ္ဘာ) ပေါ်ဝယ် သွားလာလှုပ်ရှားလျှက်ရှိနေသော မည်သည့် သက်ရှိသတ္တဝါကိုမျှ (လူသား တို့အကျိုးအတွက်) ချန်ထားတော်မူမည် မဟုတ်ပေ။ သို့ရာတွင် ထိုအရှင်မြတ်သည် သူတို့အား သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အချိန်ကာလအထိ (ဒဏ်ခတ်အရေး ယူခြင်းအား) ရွှေ့ဆိုင်းတော်မူလေ၏။ တစ်ဖန် သူတို့၏ သတ်မှတ်ချိန်ကာလ ဆိုက်ရောက်လာသောအခါ၊ သူတို့သည် တစ်နာရီမျှပင် နောက်သို့ ဆုတ်နိုင်ကြမည်လည်း မဟုတ်ပေ။ ထို့ပြင် ရှေ့သို့ တိုးနိုင်ကြမည်လည်း မဟုတ်ပေ။