Back to Languages

Burmese - Chapter 16 - An-Nahl

Translation by Alin U Yin — Permalink

Verse 65 — Surah An-Nahl 16:65

ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် ကောင်းကင်ယံမှ မိုးရေကို သွန်းချစေတော်မူရာ ထိုရေဖြင့် မြေကမ္ဘာရှိ (မြေသေမြေရိုင်းများနှင့်ခြောက်သွေ့နေသော မြက်ပင်ပေါက်ပင်များအား) သေကျေပျက်စီးပြီးမှ အသစ်တစ်ဖန် ရှင်သန်လန်းဆန်းစေတော်မူ၏။ ဧကန်စင်စစ်၊ ထိုဖြစ်စဉ်၌ (ကျမ်းတော်မြတ် ကုရ်အာန်ကို နား လည်သဘောပေါက်ပြီး ကျင့်သုံးလိုသော ရည်ရွယ်ချက်ဖြင့်) ကြားနာကြသော လူမျိုးတို့အတွက် အမှန်ပင် အာယသ်သက်သေလက္ခဏာတော်များ ရှိနေ၏။