Back to Languages

Burmese - Chapter 16 - An-Nahl

Translation by Alin U Yin — Permalink

Verse 66 — Surah An-Nahl 16:66

ထို့ပြင် ဧကန်စင်စစ်၊ ရှင်သန်လန်းဆန်းလာသော မြက်ပင်များကို မှီဝဲစားကြသည့် ကျွဲ၊ နွား အစရှိသော ခြေလေးချောင်းသတ္တဝါများ၌ သင်တို့အတွက် အမှန်ပင် သင်ခန်းစာများ ရှိနေ၏။ ငါအရှင်မြတ်သည် သင်တို့အား ယင်း၏ဝမ်းဗိုက်တွင်းရှိ အစာဟောင်း (အညစ်အကြေး) နှင့်သွေးကြားမှ သန့်စင်၍ သောက်သုံးသူတို့အတွက် အရသာရှိသော နို့ရည်ကို တိုက်ကျွေးစေတော်မူ၏။