Back to Languages

Burmese - Chapter 16 - An-Nahl

Translation by Alin U Yin — Permalink

Verse 68 — Surah An-Nahl 16:68

တစ်ဖန် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်သည် ထိုပျား ကောင် (မ) ထံသို့ “တောင်များ၊ သစ်ပင်များနှင့် (တတ်စွမ်းနိုင်လျှင် လူတို့တည်ဆောက်ထားသော) အ ဆောက်အအုံများ၌ ပျားအိမ်များ ပြုလုပ်ကြလော့။” ဟု ယင်း၏အာရုံထဲ အရှင့်အမိန့်တော်အား ပို့ချတော်မူ၏။