Back to Languages

Burmese - Chapter 16 - An-Nahl

Translation by Alin U Yin — Permalink

Verse 69 — Surah An-Nahl 16:69

ထို့နောက် အသင် (ပျားကောင်) သည် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်မြတ်၏လမ်း များ၌ လွယ်ကူရိုကျိုးစွာ လျှောက်လှမ်း၍ အသီးအနှံတိုင်းမှ (အရည်များကို) စုတ်ယူစား သုံးလော့။ (ထို သို့ စုတ်ယူစားခြင်းဖြင့်) လူသားတို့အတွက် (ရောဂါပျောက်ကင်းစေမည့်) ဆေးကောင်းတစ်လက်ဖြစ်သော ပျားကောင် ၏ဝမ်းဗိုက်များမှ အရောင်မျိုးစုံရှိသည့် သောက်သုံးဖွယ်ရာ (ပျားရည်) ထွက်လာလေသည်။ ဧကန်ပင်၊ ထိုဖြစ်စဉ် ၌ စဉ်းစားဆင်ခြင်တွေးခေါ်တတ်သော လူမျိုးတို့အတွက် အမှန်ပင် အာယသ်သက်သေလက္ခဏာတော်များ ရှိနေ၏။