Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 16 - An-Nahl
Translation by Alin U Yin — Permalink
Verse 7 — Surah An-Nahl 16:7
ထို့ပြင် ယင်း (ခြေလေးချောင်းတိရစ္ဆာန်များ) သည် အသင်တို့၏ဝန်စည်စလယ်များကို နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ် ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) အား အလွန်အမင်း ခဲယဉ်းစွာစေခြင်းမှအပ ရောက်ရှိရန် မဖြစ်နိုင်သော မြို့ရွာ ဒေသများသို့ သယ်ယူပို့ဆောင်ပေးကြ၏။ ဧကန်စင်စစ်၊ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် လူတို့၏ဒုက္ခအခက်အခဲများကို လွယ်ကူစေရာ တွင် အလွန်ပင် နူးညံ့သိမ်မွေ့တော်မူသောအရှင်၊ အားလုံးအပေါ်တွင် အစဉ် သနားကြင်နာညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။