Back to Languages

Burmese - Chapter 16 - An-Nahl

Translation by Alin U Yin — Permalink

Verse 70 — Surah An-Nahl 16:70

ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူပြီးနောက် တစ်ဖန် ထိုအရှင်မြတ်သည်ပင် အသင်တို့အား ကွယ်လွန်သေဆုံးစေတော်မူလေ၏။ ထို့ ပြင် သင်တို့အနက်မှ အချို့အား အိုမင်းရင့်ရော်၍ သူငယ်ပြန်သည့်အရွယ်သို့ ရောက်စေတော်မူသောအခါ သူတို့သည် ယခင်က သိခဲ့ပြီးဖြစ်သော်လည်း ယခုတွင်မူ မည်သည့်အရာကိုမျှ သိနိုင်စွမ်း မရှိကြပေ။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ အရာခပ်သိမ်းတို့၌ စည်းမျဉ်းနိယာမတော်များ သတ်မှတ်တော်မူလျက် အရာရာကို စွမ်းဆောင်နိုင်တော်မူသောအရှင်၊ ဖြစ်တော်မူ၏။